Pages Link

Command and Conquer Generals Zero Hour Maps Download ဆွဲရအောင်

Command and Conquer Generals Zero Hour က Maps တွေကိုဆော့ရတာကြာလာတော့ပျင်းလာတယ်ဗျ ။
ကြာလာတော့အလွတ်တောင်ရလာတယ် ။ ဟီး.....။ ကျွန်တော့်လိုပဲ အခန်းသစ်လေးတွေကိုဆော့ချင်မှာပဲဆိုပြီး
အိပ်ရေးပျက်ခံကာMaps တွေ Download ရအောင် Link တင်ပေးလိုက်ပါတယ်ခင်ဗျ။ ကြိုးစားတယ်နော် ဟိ ။
ဒီမှာ သွားဒေါင်းပါ ။ ပြီးရင် Maps တွေသွင်းနည်းလေးလည်းပြောပြပါ့မယ် ။ ပို့မယ့်ပို့တော့ အရောက်ပို့ပေးပါ့မယ်။ စိတ်သာချ ။

ဒေါင်းလို့ပြီးရင်ကိုယ် Download ချထားတဲ့ Location ကနေ Maps တွေကို Copy လုပ်လိုက်ပါ ။
ပြီးရင်My Documents ကိုဖွင့်လိုက်ရင် Command and Conquer Generals Zero Hour Data ဆိုတဲ့ Folder ကိုတွေ့လိမ့်မယ် ။ ၀င်လိုက်ရင်တွေ့ရတဲ့ Folder တွေထဲက Maps ဆိုတဲ့ Folder ထဲကို Paste လုပ်လိုက်ပေါ့ဗျ ။


ဒီပုံကိုကြည့်ပါဦး ။
နောက်တစ်ဆင့်ကတော့Game ထဲကိုဝင်လိုက်ပြီးMpas ရွေးတဲ့အထိလုပ်လိုက်ရင်ညာဘက်က Unoffical Maps ဆိုတာကိုတွေ့ရင် Click လိုက်ပါ။ ကဲပုံတော့တင်လိုက်ပြီ ။ အခုတော့အတော့်ကိုစုတ်တဲ့ Connection နဲ့တိုက်ပွဲဖြစ်နေလို့ဗျို့ ။ အထဲမှာ ကိုယ်ခုနက Download လုပ်ထားတဲ့မြေပုံတွေကိုတွေ့ပါလိမ့်မယ် ။အားလုံးပဲ အဆင်ပြေစွာနဲ့ ဆော့နိုင်ပါစေဗျား ။ အဆင်မပြေဘူးဆိုရင်တော့ Comment လေးများထားခဲ့နိုင်ပါတယ် ။ ကျေးဇူးပါ။
 အသေးလေးComment လေးများထားသွားပါဦး ။

No comments:

Post a Comment